Church Hymnal
ယေရှုကြွေးဆပ်ပြီကျူး
✦ ✦ ✦
ငါပြုရာ ကျင့်ရာတရား၊
အလျင်းမရှိကုန်ပြီ
မြတ်ယေရှုရှင်၊ ငါဖို့ပင် ၊
ပြစ်ကြွေး ဆပ်တော်မူပြီ
ယေရှု ကြွေးဆပ်ပြီ၊ ရှိသမျှပြေပြီ
ယေရှုရှင် ချွတ်ပိုင်သခင်၊
ငါ့ကြွေး အကုန်ဆပ်ပြီ
ကောင်းကင်ဘုံမှ ဆင်းသက်လျှင်၊
ငါ့ကြောင့်ခံတော်မူရာ
တိုင်တော်ပေါ်တွင်ခံနေစဉ်၊
အမှုပြီးပြီ ကြေညာ
အိုဝန်လေးပင်ပန်းသောသူ၊
အဘယ်သို့ လုပ်ကြံနည်း
သင့်တွက်ဝင်သူ၊ ရှင်ယေရှု၊ အကုန်ခံတော်ပြီ
ရှင်ယေရှုခံတော်မူခြင်း
သင်ယုံကြည်ကိုးမှသာ
ကြွေးမှကင်းကျေးဇူးခံလျှင်၊
ရှင်ယေရှု၌ငြိမ်းရာ
Worship Song