Church Hymnal
ကျွန်ုပ်အသက်တာ လှပတင့်တယ်စေ
✦ ✦ ✦
မျှော်လင့်ခြင်းမဲ့နေစဉ် စိတ်ချမှု ရောက်ရှိလာ
ငါရှေ့တွင် တိမ်မဲကြီး ရောက်လာ၍ လမ်းခရီး
မှောင်၍ကြောက်ရသော်လည်း
အလင်းနေထွန်းတောက်သည်
ငါ့အတွက်ကြွလာ ဘုရင်ရှင်ယေရှု
ငါ့အတွက်ကိုယ်စားသေခံရှာ ကျွန်ုပ်သခင်
သက်ထာ၀ရခရီး ပို့ဆောင်ပြီ
ငါ့အတွက်ကိုယ်စားရှုံးခံရှာ ကျွနု်ပ်သခင်
ကျွနု်ပ်အသက်တာ လှပတင့်တယ်စေ
သက်တာခရီး မောပန်း နွမ်းနယ်လျက် အားအင်ကုန်
ခါတရံခြောက်သွေ့မြေ ရေမရှိအရပ်၌
သစ်ပင်လိုငါဘ၀ လေတိုက်၍ ခြောက်သွေ့လာ
ရှိနေစဉ်ခါ ယေရှုပြေးကယ်လာ
ငါ့တွက်ကိုယ်စားရပ်တည် ငါ့တွက်ကိုယ်စားပြင်ဆင်
ငါ့တွက်ကိုယ်စားခံရှာ ငါ့တွက်ကိုယ်စားလုပ်ပေး
ငါ့တွက်တောင်းပန်ဝန်ချ ငါ့တွက်ပြစ်တင်ခံရှာ
ပြစ်ကြွေးအားလုံး ပေးဆပ်ကျေအေးစေ
Worship Song