Love, Joy, Peace...
Church Hymnal

သူသည်ငါ့ကိုခေါ်သောအခါ

✦ ✦ ✦
မေတ္တာနှင့်ငါ့ကိုခိုလှုံနေသောကြောင့် သူ့အားငါကယ်နှုတ်မူမည် သူသည်ငါ့နာမတော်ကိုသိသောကြောင့် မြင့်သောအရပ်၌ငါချီးမြှောက်မည်။ သူသည်ငါ့ကိုခေါ်သောအခါငါထူးမူမည် ဒုက္ခခံသောအခါသင့်ဘက်၌ငါရှိမည် သင့်ကိုကယ်မ၍ဘုန်းထင်ရှားစေမည် ရှည်သောအသက်နှင့်သင့်ကိုရောင့်ရဲစေမူမည်။ သင့်ပေါ်မှာဒုက္ခ သင့်အိမ်တွင်မောခြင်း ရောက်ရန်ခွင့်ပေးတော်မမူ အတောင်တော်အောက်၌သင်မကြောက်ရပါ ကောင်းကင်တမန်စောင့်ရှောက်လိမ့်မည်။ နေ့ချိန်ပစ်သောမြှားမှောင်မိုက်ကာလနာ သင့်အားမထိခိုက်စေရ သင့်ဘေးတွင်တစ်ထောင်၊သင့်နားတွင်တစ်သောင်း လဲသော်လည်းသင်မကြောက်ရပါ။
ဓမ္မ သီချင်းများ
 
INDIANA MYANMAR CHRISTIAN CHURCH

359 E Thompson Rd, Indianapolis, IN 46227

info@imccindy.org
 
Links
Copyright © 2026 | Powered by churchtrac