Church Hymnal
ထိုရပ်မှာ နာမည်ခေါ်သောခါ
✦ ✦ ✦
ကိုယ်တော်ရှင်၏တံပိုးမှုတ်၍ အချိန်ဆုံးခမ်းရောက်သောခါ
ထွန်းတောက်သာယာထာဝရအာရုဏ်တက်ခါ
မြေကြီးမှကယ်တင်ခံသူတို့တဖက်ကမ်း၌စုရုံးခါ
နာမည်ခေါ်သော် ငါရှိလိမ့်မည်ထိုရပ်မှာ
(ထိုရပ်မှာ နာမည်ခေါ်သောခါ) *3
နာမည်ခေါ်သော်ငါရှိလိမ့်မည်ထိုရပ်မှာ။
ခရစ်တော်၌သေသူတို့ ထိုသာယာနံနက်ထမြောက်ကြ
ကိုယ်တော်ထမြောက်ခြင်းဘုန်းစည်းစိမ်ဝင်စားခါ
ရွေးကောက်ခြင်းကိုခံသူတို့ ကိုယ့်အိမ်သို့စုရုံးကြကာလ
နာမည်ခေါ်သော် ငါရှိလိမ့်မည်ထိုရပ်မှာ။
နေထွက်မှနေဝင်တိုင်အောင်မှုတော်မြတ်ကိုဆောင်ရွက်ကြစို့
အံ့ဖွယ်မေတ္တာတော်အကြောင်းပြောကြကုန်ရာ
မြေကြီးပေါ်တွင်ပြုရန်မှုပြီး အသက်ကုန်သောခါငါတို့
နာမည်ခေါ်သော် ငါရှိလိမ့်မည်ထိုရပ်မှာ။
ဓမ္မ သီချင်းများ