Church Hymnal
သာ၍ နီးအံ့ငှာ ဆွဲတော်မူပါကျူး
✦ ✦ ✦
ခေါ်တော်မူသံကို ကျွန်ုပ်ကြားရပြီ
ကိုယ်တော် ချစ်ကြောင်းကို သိသည်
ယုံကြည်ခြင်းဖြင့် ကိုယ်တော်မြတ်ထံ ပျံတက်
ခြေတော်ရင်းမှာ နေလိုသည်
ကိုယ် တော် သေ ခံ ကား တိုင် တော် နား သို့
ကျွန်ုပ် သာ ၍ နီး စေ ပါ
သာ ၍ နီး စေ၊ နီး စေ၊ နီး စေ တော် မူ လို
နီး စေ ပါ ကိုယ် တော် အ ပါး
ကိုယ်တော် မှုဆောင်ရန် ခွဲခန့် မှတ်သားပါ
ထူးဆန်းမေတ္တာ တန်ခိုးဖြင့်၊
ကျွန်ုပ်၏ ဝိညာဉ်မျှော်လင့်မြဲမြံစေ
လိုရာ ကိုယ်တော်၌ ရှာချင်
ကိုယ်တော်မြတ်ရှေ့တွင် ဆုတောင်းရခြင်းခွင့်
ပလ္လင်တော်နား ချဉ်းကပ်ရာ
မိတ်ဆွေချင်းကဲ့သို့ တောင်းပန်ပြောဆိုခြင်း
ထူးလျှင် ကျွန်ုပ်နှစ်သက်လှ
နက်နဲလှချစ်ခြင်း ကျွန်ုပ်သိနိုင်မည်،
သေခြင်းမြစ်ကို ကူးပြီးမှ၊
မြင့်လှသော ဝမ်းမြောက်ခြင်း ကျွန်ုပ်မီမည်၊
ချမ်းသာ ဘုံဝင်စားသောခါ။
Worship Song