Church Hymnal
ရှူသွင်းတဲ့အသက်လေထက်
✦ ✦ ✦
သခင် မျက်မှောက်ထဲ သိုးသူငယ်လေးလို
နှိမ့်ချခြင်းနဲ့ တိုးဝင်မယ်..
(အို) လောကစကား ဆူညံမှုတွေ
အကုန်ဖြတ်တောက်ပြီး
အသံတော်နားထောင်မယ်...
ချိုသာတိုးညှင်းသောအသံကို နားစွင့်တတ်စေဖို့
ကျွန်ုပ်ရဲ့ ဝိညာဥ်ကို နိုးပါ..
ကိုယ်တော်စကားများကြားတတ်ပြီး
အသိနဲ့အသက်မရှင်ချင်ဘူး..
အသက်နဲ့အတွင်းလူကို ဖြည့်ပါ...
အသက်ရှူသွင်းတဲ့ အသက်လေတွေထက်
သခင်နဲ့ အနီးဆုံးဖြစ်ချင်တယ်..
ခံစားချက်များလည်း တစ်ထပ်တည်းဖြစ်ချင်..
သခင့်ရဲ့ နှလုံးသားရင်ခုန်သံတိုင်း..
ကျွန်ုပ် အမြဲတမ်းပဲ ကြားချင်တယ်..
တစ်စက္ကန့်လေးတောင် သခင့်နဲ့မဝေးချင်/ ဘူး..
သခင့်နဲ့ပဲ အမြဲရှိချင်တယ်..
ချီးမွမ်း ကိုးကွယ်ခြင်း သီချင်းများ