Church Hymnal
ရှေ့တော်
✦ ✦ ✦
သန့်ရှင်းသော ဝိညာဉ်တော်
ဘုန်းတန်ခိုးနှင့် ကြွဆင်းကာ
နှလုံးသားကို အုပ်စိုးပါ
အနူးညံ့ဆုံးစကားချိုနှင့် အားအင်ကို ဖြည့်ကာ
အတွင်းလူ ခိုင်ခံ့စေ
စိတ်နှလုံး ဉာဏ်ရှိသမျှဖြင့်
သန့်ရှင်းသော ဝိညာဉ်တော်ကို
ကျွန်ုပ်ကိုးကွယ်
ကိုယ်တော်ဘုရားရဲ့ ရှေ့တော်မှာ
ဘယ်အနာ ရောဂါမှ မခံနိုင်
ဝမ်းနည်းစရာတွေ သောကအရာတွေ
ဘာဆိုဘာတခုမှ မခံမရပ်နိုင်ဘူး
ဝိညာဉ်တော်ဘုရားရဲ့ ရှေ့တော်မှာ
ဘယ်ဝိညာဉ်ဆိုးမှ မနေနိုင်
အထက်အရပ် ရွှေပြည် ဘုရားရှေ့မှာလို
အိုနာ သေခြင်းလည်း မရှိတော့ဘူး
သခင့် ရှေ့တော်မှောက်ဝယ်
Worship Song