Church Hymnal
ပြီးပြည့်စုံသော နေရာ
✦ ✦ ✦
အထံတော်သို့ တိုးဝင်လာ
အမြင်ခြင်ဆုံး သခင့် မျက်နှာ
ဦးစွာတွေ့မြင်ဖို့ ကျွန်ုပ် စိတ်ဆန္ဒ
အစုံလင်ဆုံး သခင့်ထံမှာ
တစုံတရာမှ မရခဲ့ရင်
ပြင်းပြသော ကျွန်ုပ်ရဲ့ စိတ်ဆန္ဒဖြင့်
တိုး၀င်လာ
ကိုယ်တော်ရှင်ရဲ့ ရှေ့မှောက်မှာ
အလိုတော်ရှိသည့်အတိုင်း
ကျွန်ုပ်၌ ပြုမူပါ
ကျွန်ုပ်အတွက် ကိုယ်တော်သည် အသင့်ရှိနေ
အနားနား အမြဲတမ်း အဆင်သင့်ရှိနေတာ
ဘယ်အရာကို အားကိုးနေဦးမလဲ
ကျွန်ုပ်ရဲ့ တောင်းလျှောက်သံနားညောင်းကာ
နက်နဲသော အရာတွေကို ဖွင့်ပြပေးနေတယ်
အရာရာပြည့်စုံနေ ထိုမျက်မှောက်တော်ထဲမှာ
အရာရာပြည့်စုံသောနေရာ အပြည့်စုံဆုံးနေရာ
အတမ်းတဆုံး ကိုယ်တော်ရှိတဲ့ နေရာ
အရာရာပြည့်စုံသောနေရာ အပြည့်စုံဆုံးနေရာ
အတမ်းတဆုံး ကိုယ်တော်မျက်မှောက်တော်ပါ
Worship Song