Church Hymnal
ဘုရားပိုင်သော ဘုရားသားများ
✦ ✦ ✦
ဘုရားပိုင်သော ဘုရားသားများ
ရှေးမဆွက ရွေးနှုတ်ခံသူများ
ဘုရားပိုင်သော ဘုရားသားများ
ရှေးမဆွက ရွေးနှုတ်ခံသူများ
ယခင်အပြစ်သွေးဆောင်၍ အဝေးရောက်သော်လည်း
ယခုအသွေးတော်မြတ်ကြောင့် ကိုယ်တော်ထံရောက်ပြီ
ယေရှုလက်ဝါးကားတိုင်းကြောင့် ဧည့်သည်လည်းမဟုတ်
ကိုယ်တော်၏ အိမ်တော်သားများဖြစ်ပြီ
ဝိညာဉ်အတွက် အသက်ရှုပါ စဉ်မြဲဆုတောင်းပါ
ဝိညာဉ်အစာ ကျမ်းစာကို နေ့စဉ်ဖတ်ရှုပါ
ဝိညာဉ်အရှိန်ကိုမြှင့်၍ အမူတော်ဆောင်ပါ
ဤသည် ခရစ်ယာန်အသက်ရှင်ခြင်းဖြစ်သည်
ဝိညာဉ်ကောင်းကြီးရဖို့ရန် ကျေးဇူးချီးမွမ်းခြင်း
ဝိညာဉ်အမွေခံဖို့ရန် ကောင်းမူပြုခြင်းများ
ဝိညာဉ်အတွင်းလွတ်လပ်ရန်ကခြင်း ခုန်ခြင်းများ
ဤအရာများ ဆေးဝါးထက်ကောင်းပေ
Worship Song