Church Hymnal
ဘုရားသား ဖြစ်ရပြီ
✦ ✦ ✦
သားတော် ယေရှုခရစ်တော်
လက်ခံယုံကြည်သောအခါ
ဘုရား၏ သားဖြစ်ခြင်း ခွင့်ရ
စာတန်၏ သားမှ ဘုရား၏သားဖြစ်ပြီ
ကျွန်ုပ်တွက် အသေခံသော
ယေရှုခရစ်တော်ကြောင့်သာ
ဘုရားသား ဖြစ်ရပြီ ကိုယ်တော်ကို ချီးမွမ်းမည်
လောကီသားများ မသိကြသော်လည်း
ကောင်းကင်သားမဆိုနိုင်
မွန်မြတ်သော သွေးသီချင်း
ကောင်းကင် ရွှေပြည်တော် ရောက်သည်ထိ
ကျွန်ုပ်ဆိုမည်
ကျိန်ခြင်းခံ ကျွန်ုပ်သည် သစ်တိုင်ပေါ်ဆွဲရမည်
ကားတိုင်သည် အပြစ်သားသေရန်
သို့သော် ယေရှုခရစ် ကျွန်ုပ် ကိုယ်စား ကျိန်ခံ
ကျွန်ုပ်တွက် ကျိန်ခြင်းခံ ယေရှု သစ်တိုင်ပေါ်မှာ
ကျွန်ုပ် အပြစ်များလည်း
ကိုယ်တော်လက်ခံသောအခါ
အသွေးဖြင့် ကျွန်ုပ်ပြစ်ဆေးကြော
ကျွန်ုပ်လုပ်ဆောင်ချက် မပါ
ကျေးဇူးကြောင့်သာ
သွန်းလောင်းသော အသွေးတော်မြတ်
ကျွန်ုပ်ဖြောင့်မတ်စေ
ကျေးဇူးတော် ယုံခြင်းဖြင့် ဘုရားသားဖြစ်ရပြီ
ကျွန်ုပ်နေရန် အခန်းရှိပြီ
လောကီသားများက မသိ၍ အံ့ဩကြ
ထာ၀ရ ချီးမွမ်းမည့် သီချင်း ကျွန်ုပ်၌ရှိ
Worship Song