Church Hymnal
ကိုယ်တော် ကျွန်ုပ်ဝမ်းမြောက်သည်
✦ ✦ ✦
ဤကမ္ဘာလောကမိုယ်းကောင်းကင်
နက္ခတ်တာရာဖန်ဆင်းရှင်
ဇီဝသက်မူတ်သွင်းတော်မူ ရှင်ဘုရား
ဝဿန်မိုးမှာ ရိတ်သိမ်းရန်
နေပူမိုးရွာခြင်း ခွင့်ပေး
ကိုယ်တော်၏ ကြီးမြတ်ခြင်းအစဉ် ချီးမွမ်းမည်
အိုအဖ ကျွန်ုပ်ဝမ်းမြောက်
ဝမ်းမြောက်လျက် နေ့စဉ်အသက်တာ
ချီးမွမ်းမည် နာမတော်သက်ရှင်စဉ်ခါ
(ဟာလေလုယာ)
ပတ်သာစောင်းများကိုတီးကာ
ကခုန်ရွှင်မြူးလျက်ချီးမွမ်း
ဟာလေလုယာ နာမတော်ဘုန်းကြီးစေ
သာယာဝမ်းမြောက်ဖွယ်သောချိန်
ပျော်ရွှင်ချမ်းမြေ့ခြင်းခွင့်ပေး
ကိုယ်တော်ကို ထောမနာသီဆိုနေမည်
ကျေးဇူးချီးမွမ်းခြင်းယဇ်နှင့်
ကိုယ်တော်ရှင်ကို ချီးမြှောက်မည်
ခွန်အားရှိသမျှ ကိုယ်တော်ချီးမွမ်းမည်
တစ်ခါတစ်ရံစားဖို့မရှိပေ တစ်ခါတစ်ရံဝတ်ဖို့မရှိရင်
ကိုယ်တော်၏ ကောင်းမြတ်ခြင်းကို
အစဉ်အောက်မေ့
ကောင်းကင်၌ ကျင်လည်ငှက်ငယ်
ချိန်တန်ပွင့်တဲ့ တောနှင်းပင်
ကျွန်ုပ်တွက် နေ့စဉ်ခွန်အား ဖြစ်စေသည်
Worship Song