Love, Joy, Peace...
Church Hymnal

မစိုးရိမ်နှင့်

✦ ✦ ✦
ငါ့စိတ်ချမှုတစ်ခုရှိ၊မစိုးရိမ်နှင့်ငါ့သား ခွန်အားပေးနူးညံ့သောအသံကြား သင့်အတွက်လမ်းငါဖွင့်ပေး၊ ဝမ်းနည်းခြင်းချိုင့်ဝှမ်းများ မျှော်လင့်ချက်မြို့တံခါးဖြစ်စေမည်။ စိုးရိမ်ခြင်းမရှိနှင့်ငါ့သား၊ ဘုန်းတန်ခိုးအလုံးစုံငါပေးပြီး ငါ့ကိုသာယုံကြည်လျှင်၊ ငါပြုသောမှုတို့ထက် ကြီးသောမှုတို့ပြုမည်၊ ကတိတော်မြတ်စဉ်တည်မြဲ။ သန့်ရှင်းဝိညာဉ်နိုးဆော်၊ ကိုယ်တော်၏ဘုန်းတော်တွက် သင့်လက်တို့၌ဘိသိက်တန်ခိုးငါထား သင့်နှုတ်ကိုတို့ထိပြီ၊ နှုတ်ကပတ်တော်သမ္မာတရား ငါဘိသိက်ထားပေးပြီးမစိုးရိမ်နှင့်။ သင့်ဆုံးရှုံးခြင်းလမ်းကို အောင်မြင်ခြင်းဖြင့်လျှောက်လှမ်းမည် အားယူ၍ရဲရင့်ခြင်းရှိစေ၊ အားမလျော့စိတ်မပျက်နှင့် သင့်ရှေ့၌အောင်မြင်ခြင်းက စောင့်လျက်ကြိုခြင်း အောက်မေ့ကာမစိုးရိမ်နှင့်။
ဓမ္မ သီချင်းများ
 
INDIANA MYANMAR CHRISTIAN CHURCH

359 E Thompson Rd, Indianapolis, IN 46227

info@imccindy.org
 
Links
Copyright © 2026 | Powered by churchtrac