Love, Joy, Peace...
Church Hymnal

ယေရုရှလင်သစ်မှာ

✦ ✦ ✦
မျက်စိကန်းနေ၍မပွင့်လင်းသူ စိမ်းလန်းသစ်ပင်ပန်းပွင့်မမြင်သော်လည်း ကယ်တင်ရှင်ယေရှုထံသို့ရောက်သောခါ မျက်စိပွင့်လင်းလိမ့်မည်၊ယေရုရှလင်သစ်မှာ။ ဝမ်းမြောက်စွာသီချင်းဆို ဟာလေလုယာချီးမွမ်းမည် ဘေးကင်းရာရွှေအိမ်တော်သို့ရောက်ချင်လှ ဝမ်းနည်းခြင်းမျက်ရည်သုတ်တော်မူလိမ့်မည် သန့်ရှင်းသူတိုင်းရှိမည်၊ယေရုရှလင်သစ်မှာ။
ခြေဆွံ့သူဒရယ်ကဲ့သို့ခုန်မည် စကားအနေသူတိုင်းသီချင်းဆိုမည် လောကဝမ်းနည်းခြင်းရှိသူအားလုံးတို့ ဝမ်းမြောက်သီချင်းဆိုမည်ယေရုရှလင်သစ်မှာ။ ကိုယ်ခန္ဓာပြည့်စုံ၍မရှိသူ မျက်နှာပွန်းပဲ့သူများရှိနေသော်လည်း သန့်ရှင်းသူအားလုံးတို့ဆုံတွေ့ကြသောအခါ ဝမ်းမြောက်ပျော်ရွှင်ရမည်ယေရုရှလင်သစ်မှာ။
ဓမ္မ သီချင်းများ
 
INDIANA MYANMAR CHRISTIAN CHURCH

359 E Thompson Rd, Indianapolis, IN 46227

info@imccindy.org
 
Links
Copyright © 2026 | Powered by churchtrac