Church Hymnal
မြစ် တစ်မြစ် ရှိသေးသည်
✦ ✦ ✦
မြေကြီးတွေ ရွေ့လျက်တောင်တွေ လှုပ်ပါစေ
ကြောက်ရွံ့ခြင်းမရှိ ငါတို့သည်ကြောက်ရွံ့ခြင်းမရှိ
သမုဒ္ဒရာရေ ဟုန်းဟုန်းမြည်မွှေနှောက်ပါစေ
စိုးရွံ့ခြင်းမရှိ ငါတို့သည် စိုးရွံ့ခြင်းမရှိ
ထိခိုက်နာကျင်စရာတွေ ရှိပါစေ
အပြည့်ရှိနေပြီ သခင်သက်သေ
ထာဝရဘုရားသည် ငါ၏အလင်း
ငါ့ကိုကယ်တင်သောအရှင်
ငါသည်အဘယ်သူကို အဘယ်အရာကို
ကြောက်လန့်ရအံ့နည်း
ဘာတစ်ခုမှ မမြဲသော ကမ္ဘာမြေကြီးမှာ
ထာဝရမြဲသောဘုရား ကျွန်ပ်အထဲမှာ
ထာဝရတည်သောဘုရား
လုံလောက်စေ သခင့်ရဲ့အကြင်နာသက်သေ
ဒီနှလုံးသားထဲအပြည့် မြင်ကြည့်ပါ
ဒီနှလုံးသားအခန်းပြည့်
ဘဝရဲ့ဒဏ်ရာတွေ ပြင်းပါစေ
ချီးမွမ်းနေမည် သခင်သက်သေ
မြစ် တစ်မြစ် ရှိသေးသည်
မြစ် တစ်မြစ် ရှိသေးသည်
မြစ် တစ်မြစ် ရှိသေးသည်
သခင်ယေရှု ခရစ်တော်
( အို....ဟိုး...အို ဟိုး....အိုး ဟိုး ..အိုး ဟို အိုး..)
Worship Song