Church Hymnal
မရှိ မဖြစ် ယေရှု
✦ ✦ ✦
ယေရူ မပြောင်းလဲ ချစ်နေသူ
မဆုံးတဲ့ မေတ္တာနဲ့ အမြဲတမ်းချစ်နေသူ
ယေရှု ကျွန်ုပ်အတွက် အကောင်းမြတ်ဆုံး
တုနှိုင်းလို့ မရတဲ့ မေတ္တာရှင်
ကျွန်ုပ်၏ အစွမ်း ခွန်အား
လူ့အနေနဲ့ မဖြစ်နိုင်မတတ်နိုင်တဲ့ အရာတွေ
ယေရှုဘုရားရဲ့ မျက်မှောက်မှာ
ဝိညာဉ်တန်ခိုးနဲ့ ဖြစ်တည်သောအရာ
မဖြစ်နိုင်တော့တာ မရှိပြီ
ဘဝမှာ မရှိမဖြစ် ယေရှု
အသက်နဲ့ လမ်းခရီး သမ္မာတရား
ခပ်သိမ်းသော အရာတွေ
ဖန်ဆင်း၍ ပိုင်သောသူ
ကျွန်ုပ်ရဲ့ ဘက်မှာ ရှိနေမှတော့
ဘ၀ဟာ ပြည့်၀ပြီပေါ့
ရင်မှာ လိုအင်တိုင်း ပြည့်စုံလို့
မျက်မှောက်တော်ထဲမှာ ကျွန်ုပ် ရှိနေခြင်းသည်
ပြုလေသမျှမှာ အောင်မြင်ခြင်းတွေ ရရှိစေပြီ
Worship Song