Church Hymnal
လုံးလုံးယုံကြည်လျက်ကျူး
✦ ✦ ✦
ယုံမှားခြင်းများ ကိုယ်တော်မြတ်အား
ကတိတော်ကြောင့် အပ်၍ထား၊
နောက်တဖန် ရှုပ်ထွေးခြင်းကင်းမည်၊
ကတိတော် ယုံသောကြောင့်တည်း။
နှုတ်ကပတ်တော် စုံလင်လှစွာ၊
ကျွန်ုပ် ယုံကြည်လျက်ရှိပါ၊
နှုတ်ကပတ်တော် စုံလင်လှစွာ၊
ကျွန်ုပ် ယုံကြည်လျက်ရှိပါ။
ယေရှုပေါ်မှာ တင်ထားပြစ်များ
သွေးတော်မြတ်ဖြင့် ဆေးကြောပြီ၊
သန့်ရှင်းစေမည် အကျွန်ုပ်အား၊
အိမ်တော်မြတ်သို့ ပို့ဆောင်မည်။
ကြောက်ရွံ့ခြင်း ယေရှုအား ပေးထား၊
ရင်ခွင်တော်မှာ ငြိမ်းရာရ၊
ကျွန်ုပ်လမ်းသည် မှောင်မိုက်သော်လည်း၊
အလင်းတော် စဉ်ထွန်းသတည်း။
ဝမ်းမြောက်ခြင်း ယေရှုအား ပေးထား၊
ထံတော်မှာ ချမ်းသာတွေ့ရာ၊
ကိုယ်တော်ရှင်လောကကို ပိုင်၏၊
လိုသမျှ ကိုယ်တော်၌ ရှိ။
ဖြစ်သမျှ ကိုယ်ကာယ၊
ဝိညာဉ် ရှိသမျှ မျှော်လင့်ရာများ၊
သက်ထာဝရ ကာလအစဉ်၊
ယေရှုအား ကျွန်ုပ်ပေးထား။
Worship Song