Church Hymnal
လုံလောက်သော ကျေးဇူးတော်
✦ ✦ ✦
ကိုယ်တော်ရဲ့ ကျေးဇူးတော်
မစုံလင်သော သားသမီးအတွက်
လုံလောက်တယ် မကုန်ခမ်းသွားဘူးကွယ်
ဘယ်တော့မှ မပြောင်းလဲပါ
နံနက်တိုင်း သူ့ဂရုဏာ ခံစားစေ
တုနှိုင်းမဲ့ မေတ္တာရှင်
ခက်ခဲချိန်တိုင်း ကျွန်ုပ်အနား အမြဲရောက်လာ
ကူညီကာ လမ်းပြပို့ဆောင်တယ်
ဝမ်းနည်းချိန်တိုင်း ကျွန်ုပ်နားအမြဲရှိသူ
ကိုယ်တော်သာ ကျွန်ုပ်ရဲ့ အဖော် မွန်ပါ
ကျွန်ုပ်ရဲ့ အနာဂတ် ကိုယ်တော်ရဲ့လက်ဝယ်
ယုံကြည်စွာ လိုက်လျှောက်အသက်ရှင်မယ်
စွန့်ပစ်၍မထား အကြိမ်ကြိမ် ပြစ်မှားမိလည်း
ကပ်ကမ္ဘာကုန် သည့်တိုင် အတူရှိမယ်
ကိုယ်တော်ရှင်၏ ချစ်ခြင်းမေတ္တာ
နှုတ်ဖြင့် ြမွတ်ဆို မမှီနိုင်ရာ
ယေရှု ကျွန်ုပ်အား ချစ်သည်ကို
နှုတ်ဖြင့်ြမွတ်ဆို မမှီ
Worship Song