Church Hymnal
လင်းစေပါ
✦ ✦ ✦
ခြောက်သွေ့တဲ့ဘဝရဲ့ ပြေးလမ်းထက်မှာ ခရီးနှင်ချိန်
နာကျင်စရာဒဏ်ရာတွေသာ ပြည့်နက်လို့
အစဉ်သာဒုက္ခ ရဲ့ အမိုးအောက်မှာ အသက်ရှင်လည်း
ရင်မှာ အနွေးထွေးဆုံးပွေ့ဖက်တာ ကိုယ်တော်ပဲ
ပြစ်မဲ့တဲ့ အသွေးစက်များ သွန်းပြီအပြစ်တွေ ချွတ်ပယ်ရန်
ကရာနီတောင်ကို ကိုယ်တိုင်သူလှမ်းလျှောက်ခဲ့
တစ်ယောက်ထဲ
စဉ်းစားတိုင်း နှလုံးသားထဲမှာ ပဲ့ကြွေတဲ့
ဒီရင်ထဲက မိုးစက်လေးတွေ
ကျွန်ပ်သခင်ရဲ့ ရင်ခွင်တော်ထက်ဆီ
ပူဇော်ကာ ဒူးထောက်ကိုးကွယ်ပျပ်ဝပ်မည်
အကောင်းမြတ်ဆုံး အလှပဆုံးသခင်
အရှင်သခင်ယေရှု ကျွန်ုပ်အတမ်းတဆုံး
အားနည်းတဲ့ ကျွန်ုပ်ကိုပဲ့ကိုင်ပါ
ရင်ခွင်မှာထွေးပွေ့ထားကာလမ်းပြပါ
လောကရဲ့လမ်းကြမ်းထက်မှာ
ထာဝစဉ်စုံလင်သော သမာတရားရဲ့အလင်းကို
ကျွန်ုပ်ဘဝရဲ့ အသက်တာထဲမှာ လင်းစေပါ
Worship Song