Church Hymnal
ငြိမ်သက်ခြင်းမြစ်လို ကျွန်ုပ်ကိုလမ်းပြ
✦ ✦ ✦
ငြိမ်သက်ခြင်းမြစ်လို ကျွန်ုပ်ကိုလမ်းပြသည်၊
ဝမ်းနည်းခြင်းပင်လယ်လှိုင်းလိမ့်လို၊
ကိုယ်တော်ကျွန်ုပ်အား သင်သောအရာများသည်
ကောင်းပေသည်ကောင်းပေသည်ဝိညာဉ်ဖို့။
ကောင်းပေသည် ဝိညာဉ်ဖို့
ကောင်းပေသည် ကောင်းပေသည်၊
ဝိညာဉ်ဖို့။
စာတန်နှောင့်ယှက်၍၊
စုံစမ်းခြင်းရောက်သော်လည်း၊
ကတိတော်မြတ်တည်မြဲပါစေ၊
ခရစ်တော်ကျွန်ပ်အားနည်းခြင်းထောက်ရှုပြီ၊
ကျွန်ုပ်ဝိညာဉ်ဖို့သွေးတော်သွန်းလေ။
အိုအံ့ဖွယ်ချစ်ခြင်း
မေတ္တာတော်အောက်မေ့သော်၊
ငါ၏အပြစ်အားလုံးတို့ပင်၊
ငါမှလွတ်ရှင်းကွာ၊ဆွဲခြင်းခံတိုင်တော်ပေါ်
ကိုယ်တော်အားချီမွမ်းလော့၊ငါ့ဝိညာဉ်။
နောက်ဆုံးနေ့၌ ကိုယ်
တော်သက်ဆင်းကြွသောအခါ
မိုးတိမ်ရီမှောင်လွင့်ပျောက်လိမ့်မည်၊
ကိုယ်တော်ဤလောက၊သို့ဆင်းသက်ကြွလာရာ၊
ကျွန်ုပ်ဝိညာဉ်ဖို့ကောင်းလှပေသည်။
ဓမ္မ သီချင်းများ