Church Hymnal
ဘယ်မျှကြီးမြတ်မူသည်
✦ ✦ ✦
အိုဖဘုရား ကျွန်ုပ်မှာအံ့ဖွယ်ရာများ
အောက်မေ့စဉ်ခါ ကိုယ်တော်ဖန်ဆင်းလျက်ထား
နက္ခတ်တာရာ မိုးကြိုးထစ်ချုန်းသံများပြင်
ခပ်သိမ်းမူရာ ပြုပြင်တော်မူအရှင်
ကျွန်ုပ်ဝိညာဉ် ကိုယ်တော်ကိုချီးမွမ်းချင်
ကိုယ်တော်သာလျှင် ကယ်တင်ပိုင်ရှင်
ကျွန်ုပ်ဝိညာဉ် ကိုယ်တော်ကိုချီးမွမ်းစေ
ကိုယ်တော်သာလျှင် ကြီးမြတ်မူပေ
တောအုံတောင်ကြား ကျွန်ုပ် ခရီးသွားရာလမ်း
ကျေးငှက်များစွာ သာယာမြည်တွန်ပျံသန်း
ကုန်းမြင့်တောင်ထိပ် ဆိတ်ငြိမ်ရာရပ်မှ မြင်နိုင်
မြက်ခင်းလွင်ပြင် လေညှင်း တိုက်ခတ် ယိမ်းယိုင်
ဘုရားရှင်မှာ သားတော်ကိုပင် မညှာပေ
လူသတ္တဝါ အပေါင်းတွက်သေခံစေ
ကားတိုင်ပေါ်ဝယ် သွေးတော်ပင်သွန်းခြင်းခံရှာ
လူတို့ပြစ်များ ကိုယ်တော်ဆောင်ယူ ကြွသွား
Worship Song