Church Hymnal
ကျေးဇူးတော်မှတပါး
✦ ✦ ✦
ကျွန်ုပ်အသက်တွက် အသက်ပေးသူ
ကျွန်ုပ်အပြစ်တွက် ကိုယ်စားထမ်းရွက်လေသူ
ကျွန်ုပ်ဘဝရဲ့ အဆိုးများ လွင့်စေတဲ့သူ
ဖြောင့်မတ်ခြင်းကို ပေးသူ
သခင့်ရဲ့ ဂရုဏာတရား အပြည့်အ၀ခံယူ
ကျွန်ုပ်ဘ၀ရဲ့ အဓိပ္ပါယ်ရှိစေတဲ့သူ
အကြီးမြတ်ဆုံးသောဘုရား
ကိုယ်တော်ရှင်သာ ထာ၀ရပါ
မြေမှုန့်ထဲမှ ကျွန်ုပ်အား ရွေးနှုတ်ခြင်းက
သခင့်အတွက်ပါ
ယေရှုရှင် ကိုယ်တော်တပါးသာ
ကမ္ဘာအဆက်ဆက် ဘုန်းကြီးစေပါ
အနိမ့်အမြင့် အတက်အကျ
ဘယ်လိုအရာတွေ ကြုံတွေ့လာ
ကိုယ်တော် ကျွန်ုပ်ရဲ့အနားနား
အမြဲတမ်းရှိခြင်းက တသက်စာ
ဒီဘဝမှာ ကျေးဇူးတော်မှတပါး
အခြားသော မင်္ဂလာ ကျွန်ုပ်၌ မရှိပါ
Worship Song