Church Hymnal
ကျေးဇူးတော် ဂုဏ်တော်
✦ ✦ ✦
ကျေးဇူးတော် ဂုဏ်တော်ကို အစဉ်အမြဲ ချီးမွမ်းမည်
သနားခြင်း ဂရုဏာတော်သည် အစဉ်အမြဲတည်
နှင်းစက် ပမာ အေးမြတဲ့ ဘုရားရှင်မေတ္တာတော်
ကျေးဇူးတော် အစဉ်မြဲ ချီးမွမ်းမည်
နေ့သစ်တစ်ခုအတွက် ချီးမွမ်းကြမယ် ကျေးဇူးတော်
ကောင်းစားလည်းဘဲ ချီးမွမ်းကြမယ် ကျေးဇူးတော်
ဒုက္ခရောက်လည်း ချီးမွမ်းကြမယ် ကျေးဇူးတော်
ကျေးဇူးတော် အစဉ်အမြဲ ချီးမွမ်းမည်
အသက်စွန့် ကယ်တင်ခဲ့သော ကျေးဇူးတော်
အပြစ်မှ ကယ်ချွတ်ခဲ့သော ကျေးဇူးတော်
လမ်းပြပို့ဆောင်နေသော ကျေးဇူးတော်
ကျေးဇူးတော် အစဉ်အမြဲတည်ကြောင်း ချီးမွမ်းမည်
Worship Song