Church Hymnal
ကိုယ်တော်မြတ်ထံ ကျေးဇူးချီးမွမ်းမည်
✦ ✦ ✦
ကိုယ်တော်မြတ်ထံ ကျေးဇူးချီးမွမ်းမည်
အသက်စာစောင်တွင် ကျွန်ုပ် အမည်ရှိပြီ
အရောင်မမှိန် မပျက်စီးနိုင်သော
လက်ကော် ဒဏ်ချက်ဖြင့် ရေးမှတ်ပြီ
ကိုယ်တော်မြတ်ထံ ကျေးဇူးချီးမွမ်းမည်
ချီးမွမ်းကိုးကွယ်ခြင်းဖြင့် ပူဇော်မည်
ကျေးဇူးချီးမွမ်းယဇ် ယူဆောင်လာမည်
အမြင့်ဆုံးဘုရား ကျွန်ုပ်ဝမ်းမြောက်
သာယာမြစ်နား သိုးသူငယ်ကဲ့သို့
စားဖို့သောက်ဖို့ ဝတ်ဖို့နှင့် နေဖို့အိမ်
နေ့စဉ်သုံးဖို့ လိုအပ်ငွေကြေးများ
ထောက်ပံ့ပေးသော ကျွန်ုပ် ဘုရား
ကိုယ်တော်ကျေးဇူး ကျွန်ုပ်ချီးမွမ်းမည်
အခမဲ့အသက်ရှူဖို့ လေ ပြင်ဆင်ပေး
နေနှင့်လကြယ် သောက်သုံးဖို့ရေများ
မေတ္တာသက်သက် သုံးခွင့်ပေးသည်
Worship Song