Church Hymnal
ကျေးဇူးတော်လောက်ပေ၏
✦ ✦ ✦
ဘ၀မှာအမှောင်ဆုံး အချိန်
အခက်အခဲတွေဖြတ်သန်းချိန်
ကျွန်ပ်ရဲ့အနီးအနားအမြဲတမ်းရှိသူ ယေရှု
အားငယ်တဲ့အချိန်တိုင်း
ဝိညာဉ် အတွင်းမှ စကားပြောတယ်
ကိုယ်တော်ရှိကြောင်း သိစေတယ်
မျှော်လင့်တာတွေဖြစ်မလာ
ဆုတောင်းတာတွေကြန့်ကြာ
သခင့်မျက်မှောက်က အဝေးထွက်သွားပြီလား
တွေးနေမိပါတယ်
အကြိမ်ကြိမ်မေးခွန်းထုတ်မိလည်း
သခင်ဘယ်တော့မှ အဆိုးတော့ မကြံစည်ဘူး ယုံတယ်
သခင်ကျေးဇူးတော် ကျွန်ပ်အတွက်လောက်ပေ၏
သခင်ကျေးဇူးတော် ရေတွက်လို့မဆုံးနိုင်ဘူး
အကောင်းမြတ်ဆုံးပါ အကြီးမြတ်ဆုံးပါ
သာ၍ကောင်းတဲ့ အကြံစည်နဲ့ပို့ဆောင်တယ်
သခင်ကျေးဇူးတော် ကျွန်ပ်အတွက်ပိုလျှံတယ်
Worship Song