Church Hymnal
ကိုယ်တော့်အနားမှာ
✦ ✦ ✦
လောကြီးရဲ့အကောင်းဆိုးအရာများထက်
အကောင်းမြတ်ဆုံးသောကျွန်ုပ်ရဲ့ကောင်းကင်ဖခင်
ကျွန်ုပ်လွတ်မြောက်ခြင်း
ကျွန်ုပ်၏အမြဲတမ်းအသက်ရှင်ခြင်း
အတုမရှိအနှိုင်းမဲ့ ကျွန်ုပ်ရဲ့သခင်ဘုရား
သခင့်ရှေ့မှောက် သို့ ကျွန်ုပ်ရောက်လာခဲ့ပြီ
သခင့်ရဲဘုန်းနဲ့ သခင့်မျက်မှောက်တော် မြင်တွေ့ဖို့
ကိုယ်တော်သာ
ကျွန်ုပ်ရဲ့နှလုံးသား ကျွန်ုပ်ရဲ့ဆန္ဒ
ကိုယ်တော်သာ
အတွင်းနှလုံးသားမှ တမ်းတရာ
အစဉ်သာ သခင့်ရဲ့မျက်မှောက်
သခင့်ရဲ့ ရင်ခွင်ထဲမှာ ကျွန်ုပ် အမြဲတမ်း ရှိချင်
ထာဝရ အချိန်တိုင်း နားခိုနေချင်
ကိုယ်တော့်အနားမှာ (ကိုယ်တော်တစ်ပါးတည်းသာ)
အမြင့်မြတ်ဆုံးသော ဘုန်းစည်းစိမ်နဲ့
အသွေးအသက်စွန့်တဲ့ သခင့်ရဲ့အချစ်သာ ကျွန်ုပ်ကို
အမြင့်မြတ်ဆုံးသော သခင့်ရဲ့ရှေ့မှောက်ရောက်စေပြီ
ကျွန်ုပ်ရဲ့အနီးနား အမြဲတမ်း ထာဝရ
မခွဲတမ်းရှိတဲ့ ကျွန်ုပ်ရဲ့ကောင်းကင်ဖခင်
အစွဲလန်းဆုံးသော သခင့်မျက်နှာတော် ဆာငတ်လှ
Worship Song