Church Hymnal
ကိုယ်တော် အလွန်ကြီးမြတ်လှ
✦ ✦ ✦
မိုဃ်းကောင်းကင်သို့ ကြည့်သော်
ဘုန်းအာနုဘော်နှင့်ပြည့်
တောင်ရိုးသို့ ငါမျှော်ကြည့်
ကိုယ်တော် ဖန်ဆင်းလျက်ထား
သို့သော်လည်း နက်နဲအရာများ
ရေတွက်လို့မကုန်နိုင်
ဤအရာများ စဉ်းစားသော်
ကိုယ်တော်လွန်ကြီးမြတ်လှ
သို့ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းမည်
ကိုယ်တော်သာ ဘုရားကယ်တင်ရှင်
ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံ
အာလဖနှင့်သြမေဃ
ဘုန်းကြီး လက်တော်များ
ဤအရာများ စဉ်းစားသော်
ကိုယ်တော် အလွန်ကြီးမြတ်လှ
ဤကမ္ဘာလောကကြီး
လွတ်လပ် လဟာ ချိတ်ထား
နေ့ချိန်နေ ၊ ည၌ လ ကြယ်များ
ထွန်းလင်းစေသည်
သူတို့သည် အချိန်ကျတိုင်း
လှည့်ပတ် ရွေ့သွားလျက်ရှိ
ဤအရာများ စဉ်းစားသော်
ကိုယ်တော် အလွန်ကြီးမြတ်လှ
ကောင်းကင်ပေါ်သို့တက်သော်
ကိုယ်တော်ရှိတော်မှု၏
ပင်လယ်ရေအောက်၌လည်း
ကိုယ်တော် ကိန်းဝပ်မှု၏
သက်ရှိ သက်မဲ့ ဖန်ဆင်း အရာ
တိုး၍ နားလည်ခွင့်ပေး
ဤအရာများ စဉ်းစားသော်
ကိုယ်တော် အလွန်ကြီးမြတ်လှ
Worship Song