Church Hymnal
ကားတိုင်လမ်းဖြင့် အိမ်သို့ရောက်သည်
✦ ✦ ✦
ကားတိုင်လမ်းဖြင့်သာ
အိမ်သို့ပြန်ရောက်နိုင်သည်
သည့်ပြင် အခြားလမ်းမရှိ
ရွှေမြို့တော် တံခါး ရှုမြင်စိမ့်သောငှာ
ကားတိုင်လမ်းဖြင့်သာ လျှောက်သွား
ကားတိုင်လမ်းဖြင့် အိမ်ရောက်သည်
ကားတိုင်လမ်းဖြင့် အိမ်ရောက်သည်
ကားတိုင် လမ်းအကြောင်း သိဖို့ရန် အလွန်ကောင်း
ကားတိုင်လမ်းဖြင့် အိမ်ရောက်သည်
ကယ်တင်ရှင် လျှောက်ရာ
ထိုလမ်းမှာ သွေးစက်ရှိ
ထိုလမ်းကိုပင် လျှောက်ရမည်
ထက်ကောင်းကင်ဘုံမှာ ဝိညာဉ်စံဖို့ရန်
ထိုလမ်းကို မလွဲဘဲ လျှောက်ပါ
အိမ်ပြန်ရန် ကျွန်ုပ်သခင်သည် ခေါ်သောအခါ
လောကီလမ်းကို စွန့်ထွက်လာ
ထိုကြောင့် ထိုလမ်းမှာ မလျှောက်လိုပါ
ကိုယ်တော်သည် အိမ်ဝမှာ စောင့်ရှာ
Worship Song