Church Hymnal
မိတ်ဆွေယေရှုကျူး
✦ ✦ ✦
ငါတို့ပြစ်နှင့်ဝမ်းနည်းခြင်းများ
ခံရန်မိတ်ဆွေယေရှုရှိ
ဆုတောင်းခြင်းဖြင့်ထံတော်ချဉ်းကပ်
ခွင့်သည်အံ့ဖွယ်ဖြစ်ပေသည်။
ငြိမ်သက်ခြင်းကိုကြိမ်ဖန်စွန့်ပစ်
မခံသင့်ဝန်ထမ်းခဲ့ပြီ၊
ကိုယ်တော်ထံတွင်ဆုတောင်းခြင်းဖြင့်
မယူဆောင်ခြင်းကြောင့်ဖြစ်သည်။
ငါတို့တွင်စုံစမ်းနှောင့်ယှက်ခြင်း
ဆင်းရဲဒုက္ခရှိသလား
ဘယ်ခါမှစိတ်မပျက်စေရာ၊
ဆုတောင်းလျက်ထံတော်ချဉ်းပါ။
ဝမ်းနည်းခြင်းမျိူးခံရန်မိတ်ဆွေလို
သစ္စာရှိသူတွေ့မည်လား
ငါတို့အားနည်းခြင်းယေရှုသိ
ဆုတောင်းလျက်ထံတော်ချဉ်းပါ။
ပန်ပန်းလှစွာဝန်ထုပ်လေး၍၊
အားနည်းလျက်ရှိကြသလား၊
ကယ်တင်ရှင်မှီခိုရာဖြစ်ပေ၊
ဆုတောင်းလျက်ထံတော်ချဉ်းပါ။
မိတ်ဆွေများရွံရှာစွန့်ပစ်လျှင်၊
ဆုတောင်းလျက်ထံတော်ချဉ်းပါ၊
လက်တော်ဖြင့်ကွယ်ကာစောင့်မမည်၊
ထိုမှနှစ်သိမ့်ရာကိုရှာ။
ဓမ္မ သီချင်းများ