Church Hymnal
ခရစ်တော်ထဲ၌
✦ ✦ ✦
ကယ်တင်မူသော သခင်အသွေးတော်
လုံခြုံစေသော သခင်အသွေးတော်
ပဋိညာဉ် ထာ၀ရတည်သော
စင်ကြယ်ဖြောင့်မတ် သက်သေအသွေးတော်
ဝေဒနာတွေအတွက် ဒဏ်ချက်တော်
ယုံကြည်ကိုင်ဆွဲ ထိုတန်ခိုးတော် အနာတွေပျောက်စေသော
ကိုယ်တိုင်ချိုးဖဲ့ခြင်းခံသော ဒဏ်ချက်တော် ဒဏ်ချက်တော်
သွန်းလောင်းခဲ့ အသွေးတော် အပြစ်လွတ်စေပြီ
အဆီးတားမရှိ အနီးအပါးထိ ချည်းကပ်နိုင်ပြီ
ထမြောက်ခြင်း တန်ခိုးတော် အသက်ဖြစ်စေပြီ
နေ့ရက်တိုင်း ခရစ်တော် အသစ်ပြုပြင်သည်
အကျွန်ုပ်၏ အထဲ၌
အကျွန်ုပ်၏ အထဲ၌ ခရစ်တော်
အသစ်ပြုပြင်သည်
Worship Song