Church Hymnal
ထာ၀ရမေတ္တာ
✦ ✦ ✦
ဒီကမ္ဘာမြေ ကုန်ဆုံးလဲ
ကိုယ်တော်သည် အစဉ် မပြောင်းလဲ
ချစ်ခြင်းနှင့် တည်နေ သစ္စာ
အနှိုင်းမဲ့ သခင်သာ အုပ်စိုးသော ရှင်ဘုရင်
ထာ၀ရ
သခင်တပါးတည်းသာ ဝိညာဉ်ထဲ
နှလုံးသားမှာ ကိုယ်တော်ပဲ
ကျွန်ုပ်ဘဝမှာ အလိုအပ်ဆုံးသောသူ ယေရှု
မနေ့ယနေ့ နောင်ကာလထဲ
မပြောင်းလဲပါ ထာ၀ရအမြဲ
မစကယ်တင်ရာ ကျောက်ဆောင်
ကျွန်ုပ်၏ ကိုးကွယ်ရာ ယေရှု
အနှိုင်းမဲ့သော ထာ၀ရမေတ္တာ
မကြေနိုင်အောင် အပြစ်များလဲ
ကိုယ်တော်ရှင်ရဲ့ အသွေးနဲ့ သခင်ဆေးခဲ့ ဖြူစေခဲ့ပြီ
အနှိုင်းမဲ့ အစဉ်တည်မြဲ သခင့်ရဲ့ ချစ်ခြင်း ထာဝရ
ကျွန်ပ်ဝိညာဉ် တမ်းတခြင်း
နှလုံးတွင်းမှ စီးရာသီချင်း
ကျွန်ပ် ဝိညာဉ် ချစ်ရာ တဆူတည်း သခင်
သခင့် အချစ်သာ ကျွန်ပ်ကို ဆွဲ
သခင့်ရှေ့တော် ရောက်စေခဲ့
နှလုံးသားကို စိုးစံပိုင်သော သခင်
အနှိုင်းမဲ့သော ထာ၀ရ
Worship Song