Church Hymnal
ဧမာနွေလ
✦ ✦ ✦
ကိုယ်တော် မပါရင်လေ
ဘယ်လိုအစပြုရမှာလဲ
ဒီလောကကြီးထဲမှာ
ဘယ်လို ရပ်တည်နိုင်မှာလဲ
အရာရာမှာလေ
ကိုယ်တော်အတူမရှိခဲ့ရင်လေ
ဒီဘ၀ ပင်လယ်ကြီးထဲမှာ
ကျွန်ုပ် ဦးတည်ရာ မဲ့နေတယ်
အိုး…. ယေရှုရှင်
ကျွန်ုပ်နဲ့အမြဲအတူရှိသော ဧမာနွေလ
ကျွန်ုပ်ရဲ့ ဘ၀ဟာ
ကိုယ်တော်မြတ်သာ
ကိုယ်တော်နှင့်အတူ အစဉ်အမြဲရှိချင်သူ
ကိုယ်တော်ပေးတဲ့ အသက်နဲ့အသက်ရှင်သူ
ကျွန်ုပ်အား အချိန်တိုင်း သတိနှင့်ကြည့်ရှုသူ
ဧမာနွေလ
Worship Song