Church Hymnal
ချီးမွမ်းကြစေ
✦ ✦ ✦
အသက်ရှိသောသူအပေါင်း
ကိုယ်တော်အား ချီးမွမ်းကြ
ဂုဏ်တော်ချီးမွမ်းသံများ
ကမ္ဘာမြေပြင် တခုလုံး ပျံ့နှံ့စေ
အရှေ့နဲ့အနောက်တောင်မြောက်
ပင်လယ်လှိုင်း ကျောက်ဆောင်
သံပြိုင်ကျူးဧသံများ
ကမ္ဘာမြေပြင် တခုလုံး ပျံ့နှံ့စေ
အောင်မြင်ခြင်းနဲ့ ထမြောက်ခဲ့ပြီဟေ့
မာရ်နတ်အား အလှဲထိုးခဲ့ပြီဟေ့
ထာဝရငရဲမှ လွတ်မြောက်ခဲ့ပြီဟေ့
ထာဝရအသက် ရရှိခဲ့ပြီဟေ့
ယေရှုကြောင့်သာ
အို... လွတ်မြောက်ခြင်းနဲ့ ကခုန်မယ်
ဝမ်းမြောက်ခြင်းနဲ့ ကြွေးကြော်မယ်
လွတ်မြောက်ခြင်းနဲ့ ကခုန်မယ်
ဝမ်းမြောက်ခြင်းနဲ့ ကြွေးကြော်မယ်
ကိုယ်တော့်ရှေ့မှာ
Worship Song