Church Hymnal
ဟောရှဏ္ဏ
✦ ✦ ✦
ခွန်းအားနည်းလည်း ကြံ့ခိုင်သည်
နုံချာလွန်းလဲ ပြည့်၀နေ
မှောင်ဖုံးလွမ်းလည်း တွေ့နိုင်သည်
ကိုယ်တော်ရှင်ရဲ့ ကျေးဇူးတော်ပါ
[ ဟောရှဏ္ဏ ]2 အသေခံသော သိုးသူငယ်
[ ဟောရှဏ္ဏ ]2 ယေရှုဘုရား ထမြောက်လေပြီ
မဟူရာ မြစ်ထဲ ဖြတ်သော်လည်း
ထိုနေရာမှ အပြစ်ဆေးကြောပြီ
ထံတော်ပါးမှ စမ်းရေလာ
ကယ်တင်ရှင်ရဲ့ ဂရုဏာပါ
ကိုယ်တော်ဘုရားရဲ့ လက်တော်ဖြင့်
မရဏာတွင်းမှ ထမြောက်ပြီ
ကယ်တင်ခြင်း သီချင်းဆိုမည်
သခင်ယေရှု လွတ်မြောက်စေပြီ
Worship Song