Church Hymnal
ဝေးလှသော တောင်ကုန်းပေါ်
✦ ✦ ✦
ဝေးလှသော တောင်ကုန်းပေါ်
ထူထားသော တိုင်တော်သည်
ရှက်ကြောက်ဖွယ် ဒုက္ခခံရာ တိုင်တည်း
ပြစ်လောကကို ကယ်ရန်
အသေခံရာ တိုင်တော်ကို
ကျွန်ုပ်သည် ထူးပင် ချစ်ခင်မြတ်နိုး
တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်
လမ်းဆုံးမှာ အောင်ပန်းကို ချထားမည်
ကျွန်ုပ်သည် မှီ တွယ်သော တိုင်တော်နှင့်
သရဖူကို တနေ့ဖြင့် လဲချင်
လောကလုံး ရွံရှာသော
လက်ဝါးကပ်တိုင်တော်၏
ဆွဲနိုင်သော တန်ခိုးသည် အံ့ဖွယ်တည်း
ထက်ကောင်းကင်ဘုန်းတော်ပင်
သိုးသူငယ်စွန့်ပြီးကာ
သစ်တိုင်မှာ အသေခံရန် ကြွဆင်းလာ
သွေးတော်နှင့် စွန်းကွက်သော
လက်ဝါးကပ်တိုင်တော်သည်
အံ့သြဖွယ်တင့်တယ်လှပပေသည်
ကျွန်ုပ်ကို ပြစ်လွှတ်လျက်
သန့်ရှင်း စင်ကြယ်စေရန်
ယေရှုရှင် ထိုတိုင်ပေါ်မှာသေခံ
တိုင်တော်ကို ကျွန်ုပ်သည် စဉ်သစ္စာရှိပါမည်
ကဲ့ရဲ့ခြင်း ပြစ်တင်ခြင်း ခံလိုသည်
ကောင်းကင်ဘုံ စံဘို့ရာ ကိုယ်တော်ရှင် ခေါ်သော အခါ
ကိုယ်တော်နှင့် အတူ ဘုန်းတော်ဝင်စား
On a hill far away stood an old rugged cross
The emblem of suffering and shame
And I love that old cross
where the dearest and best
For a world of lost sinners was slain
So I'll cherish the old rugged cross,
till my trophies at last I lay down;
I will cling to the old rugged cross,
and exchange it some day for a crown.
O that old rugged cross, so despised by the world,
has a wondrous attraction for me;
for the dear Lamb of God left his glory above
to bear it to dark Calvary
In that old rugged cross, stained with blood so divine,
a wondrous beauty I see,
for 'twas on that old cross Jesus suffered and died,
to pardon and sanctify me
To that old rugged cross
I will ever be true,
its shame and reproach gladly bear;
then he'll call me some day
to my home far away,
where his glory forever I'll share
Worship Song