Church Hymnal
ယေရှု အသွေးတော်ကျူး
✦ ✦ ✦
ငါ့အပြစ် စွန်းဆေးအံ့ငှာ၊
ရှင်ယေရှု အသွေး တတ်စွမ်းလေ
ငါ့ကို ကျမ်းမာ စိမ့်သောငှာ
ရှင်ယေရှု အသွေး တတ်စွမ်းလေ
အိုမြတ်လှ စီးသောအသွေး
မိုးပွင့်လို ဖြူစင်စေ
ခြားစမ်းရေ ရှာမတွေ့
ရှင်ယေရှု အသွေး တတ်စွမ်းလေ
ငါ့ကို စင်ကြယ်စေဘို့ရာ
ရှင်ယေရှုအသွေး တတ်စွမ်းလေ
ငါ့အပြစ် ဖြေလွှတ်စိမ့်ငှာ
ရှင်ယေရှုအသွေး တတ်စွမ်းလေ
ငါ့ အပြစ်အတွက် ခံစေရန်
ရှင်ယေရှုအသွေး တတ်စွမ်းလေ
ငါ့ ကိုယ်စား ကုသိုလ်သွင်းရန်
ရှင်ယေရှု အသွေး တတ်စွမ်းလေ
ငါ့ မျှော်လင့်စိတ် ငြိမ်စေရန်
ရှင်ယေရှုအသွေး တတ်စွမ်းလေ
ငါ့ ဖြောင့်မတ်ခွင့် ရစေရန်
ရှင်ယေရှု အသွေး တတ်စွမ်းလေ
Worship Song