Church Hymnal
မြတ်လှ နာမ
✦ ✦ ✦
ယေရှု မြတ်နာမတော်ယူပါ
စိတ်ပင်ပန်း ၀န်လေးသောသူ
နှစ်သိမ့် ဝမ်းသာခြင်းကြောင်း ဖြစ်ရာ
သွားလေရာရာပါ ဆောင်ယူ
မြတ်နာမ၊ ချိုသာလှ၊
မြေနှင့်ကောင်းကင် ရွှင်မြူးရာ
မြတ်နာမ ချိုသာလှ
မြေနှင့် ကောင်းကင် ရွှင်မြူးရာ
ယေရှုနာမ မြဲစွဲယူပါ
ဘေးရန်မျိုး အကွယ်အကာ
သွေးဆောင်ခြင်းမှ နှောင့်ယှက်လာခါ
နာမတော်နှင့် ဆုတောင်းပါ
အို မြတ်လှ ရှင်ယေရှု နာမ
ဘယ်မျှ စိတ်ရွှင်လန်းစေသည်
မေတ္တာလက်တော်နှင့် သိမ်းမူကာ
ထောမနာ သီချင်းဆိုမည်
လမ်းဆုံး ကောင်းကင်ဘုံသို့ ရောက်လျှင်
မြတ်နာမတော် သံကြား၍
ခြေတော်ရင်း၌ ဦးညွတ်ချစဉ်
မင်းတကာမင်း ခေါ်မြှောက်မည်
Worship Song