Church Hymnal
ဘဝ လိုအင်
✦ ✦ ✦
ဆာငတ်နေသော ကျွန်ုပ်နှလုံးသား တို့ထိမူပါ
မျှော်လင့်နေသော ကျွန်ုပ် ဝိညာဉ်
ရောင့်ရဲစေပါ
ကိုယ်တော်ကို ကျွန်ုပ် ကြိုးစားဖွေရှာ
ခေါ်ဆောင်ပါ ကိုယ်တော်ရဲ့ မျက်မှောက်ဝယ်
ခန္ဓာ စိတ် ဝိညာဉ်
ကိုယ်တော်ကို မျှော်လင့်လို့နေတယ်
ရေမရှိ သွေ့ခြောက် လွင်ပြင်မှာ
ခန္ဓာ စိတ် ဝိညာဉ်
ကိုယ်တော်ကို တမ်းတလို့နေတယ်
ကိုယ်တော်သာ ကျွန်ုပ်ဘဝရဲ့ လိုအင်ပါ
ငိုကြွေးနေသော
ကျွန်ုပ်နှလုံးသား အောက်မေ့မူပါ
မျှော်လင့်စရာ အခွင့်
ကျွန်ုပ် ဝိညာဉ် တွေ့ရှိစေပါ
ကိုယ်တော်ကို
ကျွန်ုပ် ကြိုးစား၍ ရှာဖွေ
ခေါ်ဆောင်ပါ ကိုယ်တော်ရဲ့ မျက်မှောက်ဝယ်
Worship Song