Church Hymnal
ပိုသိမြင်ချင်
✦ ✦ ✦
ကျွန်ုပ်၏ဝိညာဉ်သည်
ကိုယ်တော်အား တွေ့ချင် စိတ်နှလုံး အကြွင်းမဲ့ ရှာဖွေ
အကျွမ်းဝင်ဖန်များလေ ပို၍ချစ်လေ
ထိုမေတ္တာတော်အားဖြင့် ပျော်ရွှင်
အရင်က ကျွန်ုပ် သိတဲ့
အသိတွေထက်
အရင်ကလို ကျွန်ုပ်ချစ်တဲ့
အချစ်တွေထက်
ကိုယ်တော့်ကို ချစ်တယ်နော်
လောကရဲ့ စည်းစိမ်ဥစ္စာ ထက်
ကိုယ်တော်ကို တနေ့ထက်တစ်နေ့
တိုး၍ ကျွန်ုပ် မြတ်နိုး
ကိုယ်တော်ကို သိချင်တယ်
ဦးနှောက်နဲ့ သိတဲ့အသိတွေထက်
ကိုယ်တော်ကို တွေ့ချင်တယ်
ပို သိချင်တယ် အမြဲတမ်း သိမြင်ချင်
Worship Song