Church Hymnal
အသက်သခင်
✦ ✦ ✦
လိုချင်တောင့်တမှုတွေ
အများကြီးရှိနေလည်း
သခင်သာကျွန်ုပ်ဘဝအတွက်
အရေးကြီးဆုံးပါ အလိုအပ်ဆုံးပါ
ကျွန်ုပ်ရဲ့ မျှော်လင့်ခြင်း
ကိုယ်တော် အထဲ၌ ပြည့်စုံသည်
ကိုယ်တော်နဲ့
တလုံးတဝတည်းဖြစ်ချင်သည်
ကိုယ်တော်နဲ့ရင်းနှီးကျွမ်းဝင်ချင်
အမြဲတမ်းအချိန်တိုင်း
ဝိညာဉ်တော်......မရှိလို့မဖြစ်ပါ
ကျွန်ုပ်ဘဝ ထဲမှာ
ကျွန်ုပ်ကို ဆွဲခေါ်ပါ မျက်မှောက်တော်ထဲ
အလိုတော်ကို…
အစဉ် ဖွင့်ပြပေးမူပါ
ကျွန်ုပ်သိမြင်ချင် သခင့်ဘုန်းတော်ကို
မျှော်လင့်စောင့်စားရင်းနဲ့
ကိုးကွယ်မည်
(ကိုးကွယ်ခြင်း) (ကိုးကွယ်ခြင်း)
(ထိုက်တန်ခြင်း) (ထိုက်တန်ခြင်း)
ကျွန်ုပ်၏ယေရှု
(ကြီးမြတ်ခြင်း) (ကြီးမြတ်ခြင်း)
(ဘုန်းတော်တန်ခိုး) (ဘုန်းတော်တန်ခိုး) ကျွန်ုပ်၏အသက်သခင်
ထာဝရကိုးကွယ်မည် ယေရှု
Worship Song