Church Hymnal
အစဉ် ဟာလေလုယာ
✦ ✦ ✦
အကောင်းဆုံးသော နေ့ရက်တွေ
ဖြတ်သန်းတိုင်း သခင်ကိုချီးမွမ်း
အဆိုးဆုံးသော နေ့ရက်များကြုံလဲ
ကျွန်ုပ်ဆက်ချီးမွမ်းမည်
၀မ်းမြောက်ခြင်းတွေ့ရချိန်
ကျွန်ုပ်ချီးမွမ်း ကိုယ်တော်ကောင်းမြတ်
ဝမ်းနည်းခြင်းတွေ့ရတဲ့အချိန်လဲ
ကိုယ်တော် အစဉ်ကောင်းမြတ်သည်
( သခင့်ရဲ့ ဂရုဏာ
သခင့်ကျေးဇူး
အစဉ် လုံလောက်ပြည့်စုံသည် )
ကျွန်ုပ် ဘဝရဲ့နေ့ရက်တိုင်း
သခင်ကိုချီးမွမ်း ဟာလေလုယာ
သခင့်ရဲ့ အချစ် ကျွန်ုပ်အတွက်
အမြဲလုံလောက် မပြောင်းလဲဘူး
အနိမ့်အမြင့်နဲ့ ဘ၀အခြေအနေတွေ
ကြုံတိုင်းလည်းဟာလေလုယာ
သခင့် ကျေးဇူး
ကျွန်ုပ်အတွက် အမြဲလုံလောက်
အပြောင်းအလဲများစွာ
ဒီလောကကြီးထဲမှာ
မပြောင်းလဲအမြဲပါ
ကျွန်ုပ်အတွက် သခင့် ဂရုဏာ
အစဉ် ဟာလေလုယာ
( နေ့ရက်တိုင်း အမြဲအစဉ် သခင်အား
ကျွန်ုပ်နှလုံးနဲ့ ဝိညာဉ်ချီးမွမ်း
စက္ကန့်တိုင်း ကျွန်ုပ်အပေါ်
ကောင်းမြတ်သည်၊ သခင်ကောင်းမြတ်)
Worship Song