Church Hymnal
အနှိုင်းမဲ့သော ယေရှု
✦ ✦ ✦
ထာဝရဘုရားသည် သနားတတ်သောသဘော
ကျေးဇူးပြုတတ်သော သဘောနှင့်ပြည့်စုံ
စိတ်တော်လည်းရှည်လျားမူပြီး
ခွင့်လွတ်ခြင်းနှင့်ပြည့်စုံသူ
ကရုဏာတော်သည်ကျွန်ုပ်၌
အစဉ်အမြဲကြွယ်ဝမူသည်
အငြိုးကိုမထားဘဲ
ကျွန်ုပ်ရှိသမျှ အပြစ်တို့အတွက်
ကားတိုင်ထက်မှာ အသွေးတော်သွန်း
နာကျင်မှုများနှင့်အသက်ကိုစတေး
အနှိုင်းမဲ့သော မေတ္တာတော်
အနှိုင်းမဲ့သော သစ္စာတော်
အနှိုင်းမဲ့သော မျက်မှောက်တော်
အနှိုင်းမဲ့သော ယေရှု
အနှိုင်းမဲ့သော ခွင့်လွတ်ခြင်း
အနှိုင်းမဲ့သော စွန့်လွတ်ခြင်း
အနှိုင်းမဲ့သော ပေးဆပ်ခြင်း
အနှိုင်းမဲ့သော ယေရှု
ကိုယ်တော်
Worship Song