Church Hymnal
အဂ္ဂပါယ်မေတ္တာ
✦ ✦ ✦
ကျွန်ုပ်အပြစ်ထက် သခင့် အချစ် သာ၍ကြီးတယ်
အဆုံးစမဲ့ သခင့်မေတ္တာ ကျွန်ုပ်အတွက် အစဉ်မြဲ
အနှိုင်းမဲ့ပါ ထွေးပွေ့ဆဲပါ သခင်ဘုရားရဲ့ မေတ္တာ
ရွေးနှုတ်ကျေးဇူး ဂရုဏာတော်ထဲ
သခင့်အချစ်နဲ့ အသစ်ဖြစ်လာ
မျက်မှောက်တော်ထဲ ကျွန်ုပ်ကိုးကွယ်
အတောင်တော် အရိပ်အောက်ဝယ်
ဝှက်ထားခဲ့ အချစ်နဲ့
အဂ္ဂပါယ် မေတ္တာ အဂ္ဂပါယ် မေတ္တာ
ကျွန်ုပ်အား အကြွင်းမဲ့ချစ်တဲ့
သခင်ရဲ့ မေတ္တာ မြေမှုန့်မှ ကျွန်ုပ်အား
သခင်ချီးမြှောက်မူတာ
အခြေအနေတိုင်းမှာ အချိန်အခါတိုင်းမှာ
အစဉ်ထာ၀ရ မပြောင်းလဲတဲ့ တည်မြဲတဲ့မေတ္တာ
လုံလောက်လျက်ခံစား ထာ၀ရမေတ္တာတရား
အဂ္ဂပါယ်မေတ္တာ
Worship Song